ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်က ခိုမုန်း အကြမ်း ဖက် တပ်စခန်းကို TNLAက ဝင်ရောက်တိုက်နေတယ်လို့ ဒီနေ့ ညနေမှာ ထုတ်ပြန်ပါတယ်။
တအာင်းပြည်နယ်၊ တပ်မဟာ (၃)စစ်ဒေသ၊ မန်တုံမြို့နယ်၊ ခိုမုန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခိုမုန်းတပ်စခန်းကို ဒီနေ့ နိုဝင်ဘာ ၅ရက် မွန်းတည့် ၁၂နာရီမှာ တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့နေတာပါ။
TNLAအနေနဲ့ ဒီနေ့မနက်ပိုင်းမှာလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာအုပ်စုမှာရှိတဲ့ မန်ဝင်တပ်စခန်းနဲ့ နမ္မတူမြို့နယ်၊ ပန်သပြေကျေးရွာမှာရှိတဲ့ စစ်တပ်စခန်း ၂ခုကို ထပ်မံ တိုက် ခိုက်သိမ်းပိုက်ထားပြီးဖြစ်သလို လားရှိုးနဲ့ သိန္နီကြားက စစ်ကူယာဥ်တန်းကို ကြားဖြတ်တိုက်မှု စစ်ကား၄စီးနဲ့ လက်နက်တွေရရှိခဲ့ပါတယ်။