ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ရွှေတုံးရွာ (ခ) ခွေးဟောင်းဒုံးရွာသို့ တပ်မ ၇၇ နှင့် တပ်မ ၈၈ စစ်ကောင်စီတပ်များက စစ်ကြောင်း ၅ ကြောင်းဖြင့် ယနေ့ ဝင်ရောက်လာကာ ရွာကို မီးရှို့ဖျက်ဆီးနေသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“စစ်ကြောင်းထိုးနေပြီး ရွှေတုံးရွာထဲ မီးရှို့တာ ရွာလည်းပြောင်တော့မယ်”ဟု ပြောသည်။
၎င်းရွာသည် ရှမ်းပြည်နယ် မဘိမ်းမြို့နယ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်အစပ်တွင်ရှိသည့် ရွာဖြစ်ကြောင်း သိရသည်။
မဘိမ်းမြို့နယ် ပြချောင်းရွာတွင် စစ်ကြောင်းလာလျှင် ခဏရှောင်ထားပေးရန် စစ်ကောင်စီတပ်ဘက်မှ PDF တပ်ဖွဲ့များကို တောင်းဆိုသည့် စာရေးထားသည်ဟု သိရသည်။
“PTF တွေက အကိုတို့ ကျွန်ေဝာာ်လည်း မတိုက်ချင်ပါဘူးဗျာ။ ဒါပေမဲ့ အထက်ကခိုင်းလို့ လုပ်ရတာပါနော်။ အကိုတို့အဖွဲ့အားလုံးကို လေးစားပါတယ်ဗျာ။ ကျွန်တော်တို့ စစ်ကြောင်းတွေလာရင် အကိုတို့အဖွဲ့ ခဏလောက်ရှောင်ပေး ပါလားဗျာ။ ကျွန်တော်တို့ ဘာမှ မလုပ်ခဲ့ပါဘူး ကတိပေးပါတယ်နော်။”ဟုရေးထားသည့် စာကို ပြချောင်းရွာတွင် တွေ့ရှိရသည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။