ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ပြည်သူများက သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ကို ထောက်ခံကြောင်း သပိတ်လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၃ ရက်တွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ သပိတ်လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ဖြစ်သည့် Mayangone Democratic Front (MDF)၊ LinnYoungNi Youth Association (LYNYA)၊ Kyimyindaing Networks (KMD18)နှင့် Owl Communityတို့က ပြည်သူများနှင့် ပူးပေါင်းလှုပ်ရှား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။