မလေးရှားနိုင်ငံ၊ ရှားအလမ်းမြို့၊ ပူထှာဟိုက်မှာ ပြည်သူ့ကာကွယ်ရေးထောက်ပံ့တပ်စု CSC က ဦးဆောင်ပြီး ရေစကြိုအခြေစိုက်၊ နဂါးနီ-ပြောက်ကျားတပ်ဖွဲ့အတွက် အောက်တိုဘာ ၈ ရက်မှာ ရန်ပုံငွေပွဲပြုလုပ်မယ်လို့ သိရပါတယ်။
ဒီပွဲဟာ နဂါးနီ-ပြောက်ကျားတပ်ဖွဲ့(ရေစကြို) ရဲ့ ကျပ်သိန်း ၁,၅၀၀ ပရောဂျက်အတွက် ဖြစ်တယ်လို့ သိရပါတယ်။
CSC တာဝန်ရှိသူတယောက်က “ရန်ပုံငွေပွဲမှာ ဘောလုံးပွဲနဲ့အတူ ပြည်သူ့အချစ်တော် ဟားငါးကောင် အငြိမ့်ပြပွဲပြသမှာ ဖြစ်တယ်။ ကျနော်တို့အနေနဲ့ ရန်ပုံငွေပွဲတွေ နားထားတာ ၆ လခန့်ရှိလာပြီ။ ဒါကြောင့် တော်လှန်ရေးအရှိန်မြင့်လာတာနဲ့အညီ ပြည်ပထောက်ပို့အင်အားလည်း များလာဖို့ ရည်ရွယ်တယ်” လို့ ပြောပါတယ်။
ရန်ပုံငွေပွဲအတွက် လက်မှတ်တစောင်ကို မလေးရှားငွေ RM 50 သတ်မှတ်ထားပြီးတော့ လက်မှတ်ဝယ်ယူသူတွေအတွက် ဟားငါးကောင်အမှတ်တရ အင်္ကျီကို လက်ဆောင် ပေးမှာဖြစ်တယ်လို့ သိရပြီး အောက်တိုဘာ ၈ ရက် မနက် ၁၁ နာရီခွဲမှာ အငြိမ့်ပြသမှာ ဖြစ်ပါတယ်။