မလေးရှားနိုင်ငံ ပူချွန်းမြို့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော လူငယ်များ စုပေါင်း၍ တော်လှန်ရေး ရန်ပုံငွေ ဘောလုံးပွဲကို ယနေ့ ဇူလိုင် ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည်။
ဘောလုံးပွဲကို King Tiger Fc ဘောလုံးအသင်းမှ ဦးစီး ကျင်းပခဲ့ပြီး “မရှိခဏ ထောက်ပို့ အဖွဲ့ဝင်”မှ အားဖြည့် ဝန်းရံပါဝင်ခဲ့ကြောင်း၊ တော်လှန်ရေးအတွက် တက်ကြွလှုပ်ရှားကြသော လူငယ် ဘောလုံးအသင်း ၁၂ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ပွဲအဆုံးသတ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေး၍ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။