မလေးရှားနိုင်ငံရှိ NLD-LA-MALAYSIA ရုံး၌ လွတ်လပ်ရေးနေ့ အခမ်းအနား လွတ်လပ်ရေးသပိတ် ကျင်းပပြီး အခမ်းအနားသို့ NLD-LA-Malaysia ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ တက်ရောက်ခဲ့ကြကာ တော်လှန်ရေး အသင်းအဖွဲ့အသီးမှ ခေါင်းဆောင်များတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်း၊ ပါတီအလံတော်ကို အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် အလံတော်တို့ကို အလေးပြုခြင်းတို့ဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး ရုံးတာ၀န်ခံမှ အမျိုးသားညီညွတ်ရေး အစိုးရ၏ ပြည်သူသို့ ပေးပို့သော လွတ်လပ်ရေးနေ့သ၀န်လွှာကို ဖတ်ကြားခဲ့ကြောင်း၊ တက်ရောက်လာသူများမှ တော်လှန်ရေး အားပေးစကားများပြောကြားခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေး၍ အခမ်းအနားကို အဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။