ရှမ်းပြည်တောင်ပိုင်း ဟိုပုံး၊ မိုင်းပွန်၊ လွိုင်လင်၊ နမ့်စန် မြို့နယ်များကြား စစ်ကောင်စီနဲ့အပေါင်းအပါတွေနဲ့ PNLA တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း ဖေဖော်ဝါရီ ၂၈ ရက် က စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချလို့ တာဝါတိုင်ပျက်စီးကာ ကြိုးပြတ်သွားလို့ နမ့်စန်မြို့မှာ မီးပြတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုင်းပွန်မြို့နယ်၊ လွယ်ဝိုးတုတ် ရွာကို စစ်ကောင်စီက နေ့စဉ် ဗုံးကြဲနေရာမှာ မနေ့ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ အဲဒီရွာနားက မဟာဓာတ်အားလိုင်း လျှပ်စစ်တာဝါတိုင်ကို ထိမှန်လို့ တာဝါတိုင် ဓာတ်ကြိုးပြတ်သွားသလို မိုင်းပွန်နဲ့ လွိုင်လင်ကြားထဲက တာဝါတိုင်တစ်ခုလည်း ပြတ်တောက်သွာလို့ မြို့နယ်အချို့မှာ လျှပ်စစ်အား ပြတ်တောက်မှုဖြစ်သွားခဲ့တာမှာ နမ့်စန်မြို့လဲ ပါတယ်လို့ သိရပါတယ်။
`မြို့အတွင်းမှာ မီးမရတော့ မီးးစက်တွေ အသုံပြုနေရတယ်၊ စက်သုံးဆီကလည်း အနည်းငယ်လောက် ကျန်တာ သိရတယ်`လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက တောင်ကြီး-တာချီလိတ် ပြည်ထောင်စုလမ်း ပိတ်ထားတဲ့အချိန် တောင်ကြီးဘက်က ပို့နေတဲ့ စက်သုံးဆီ ကားတွေ မလာရောက်နိုင်လို့ နမ့်စန်နဲ့လွိုင်လင်စတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမြိုတွေမှာ စက်သုံးဆီတွေ လက်ကျန်နည်းနေကြသလို တာချီလိတ်ဘက်က လာတဲ့ဆီတွေကလည်း အနည်းငယ်သာ ရောက်ရှိတာဖြစ်လို့ ခရီးသွားကားတွေကအစ အိမ်သုံးလျှပ်စစ်အသုံးချရတဲ့လုပ်ငန်းတွေပါ အခက်အခဲတွေကြုံနေရတာလို့ သိရပါတယ်။
စစ်ကောင်စီက ဖေဖော်ဝါရိ ၂၄ ရက်နေ့ကတဲက လွယ်ဝိုးတုတ်ရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲနေတာဖြစ်ပြီး ရွာက အိမ် ၈ လုံးမီးလောင်ပျက်စီးခဲ့ရသလို ယခုအခါမှာ လျှပ်စစ်ဓာတ်အားကြိုးလိုင်းတွေ ပြတ်တောက်တဲ့အထိဗုံးကြဲကာ တိုက်ပွဲအရှိန်မြင့်လာနေတာလို့ သိရပါတယ်။