ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ရှိ နမ့်တွေရွာဘက်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က မိုင်းငေါ့မြို့ရှိ နမ့်တွေရွာဘက်ကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ထားကာ အခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“မိုင်းငေါ့မြို့ နမ့်တွေကျေးရွာဘက်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကျဲသွားပြီး ဒီနေ့ မွန်းလွဲ ၂ နာရီခွဲလောက်က မီးခိုးတွေကတော့ အူနေတာဘဲ မိုင်းငေါ့မာက ဖုန်းလိုင်းပြတ်နေတော့ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသပြည်သူများကပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို အကြမ်းဖက် စစ်တပ်က လေယာဥ် ၃ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
” ပြည်သူတွေထိခိုက်မှုတော့ မသိရသေးဘူး ညနေ ၃ နာရီ ၂၀ မိနစ်လောက်က စစ်တပ်က နတ် သံကွင်းမြို့ကို စစ်တပ်က လေယဥ် ၃ စီးနဲ့လာပစ်နေတာ” ဟု ဒေသပြည်သူများကပြောဆိုသည်။