အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်းပြည်နယ် ၊ အိုက်ဆောမြို့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ်နဲ့ တော်လှန်ရုပ်ရှင် “နေသာတဲ့နေ့” ကို ဒီနေ့မှာ ပြသခဲ့ တယ်လို့ သိရပါတယ်။
အဆိုပါ တော်လှန်ရုပ်ရှင် “နေသာတဲ့နေ့” ကို ဒီနေ့မွန်းလွဲ ၁၂ နာရီမှာ ပြသခဲတာဖြစ်ပြီးတော့ အိန္ဒိယ နိုင်ငံရောက် မြန်မာအရေးတက်ကြွလှုပ်ရှားသူ ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။