မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံးသူများပြားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်တွင် မန္တလေးမှ မိုးကုတ်သို့ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၃ စီးပါယာဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီး ထိမှန်ကာ သေဆုံးသူ များပြားကြောင်း သိရသည်။
“စစ်ခွေး ကား ၃ စီးလာတယ်။ ရှေ့ဆုံး ၁ စီးထဲ RPG7 ဝင်သွားတယ်။ ဒုတိယ ၁ စီးမိုင်းထိတယ်။ တတိယ ၁ စီး က နောက်ပြန် ဆုတ်ပြီး ဆင်းပစ်တာပါ။ ခန့်မှန်း စစ်ခွေး ၃၀ လောက် သေနိုင်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
မိုးကုတ်မြို့နယ် အနောက်ပိုင်း ကျောက်ဖြူကျေးရွာတွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။
” မိုးကုတ်မှာ နံနက် ၅ နာရီ အချိန်ကနေ အခုချိန်ထိ တိုက်ပွဲဖြစ်နေပါတယ်။ နံနက်အစောပိုင်းက မန္တလေး ကနေ တက်လာတဲ့ စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်တာ ၁ စီးထိမှန်ပြီး စစ်ခွေး အသေများတယ်။ အခု မိုးကုတ်အနောက်ပိုင်း ကျောက်ဖြူကျေးရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပါတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်ကလည်း အကြမ်းဖက် စစ်တပ်က မိုးကုတ်အနီးရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက် ပျက်စီးမှု အခြေအနေနှင့် ထိခိုက် ဒဏ်ရာရရှိသူ ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများထံမှ သိရသည်။