မန္တလေးတိုင်း၊မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၄) ကိုသင်ကြားပေးမှာဖြစ်တဲ့ အတွက် သင်တန်းတက်လိုတဲ့ တပ်သားသစ်တွေ လာရောက် ရှောက်ထားနိုင်တယ်လို့ ဒီနေ့မှာ အသိပေးပါတယ်။
သင်တန်းတက်ရောက်မယ့် ရဲဘော်သစ်တွေ အနေနဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်စုံရမှာဖြစ်ပြီး အဲဒီအချက်တွေကတော့ ကျန်းမာ ရေး ကောင်းမွန်သူ၊ အသက် ၁၈ နဲ့ ၅၀ ကြားရှိရမည်ဖြစ်ပြီး မိဘ အုပ် ထိန်းသူက သဘောတူ ကြည်ဖြူရမယ် ဆိုတာနဲ့ တော်လှန်ရေး အောင်မြင်တဲ့ အထိ တာဝန်ထမ်းဆောင်နိုင်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မိုးကုတ် ပကဖက အခြေခံစစ်ပညာသင်တန်းကို အပတ်စဥ် (၃) အထိ လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်သလို ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်နေကြပြီဖြစ်တယ်လို့ ဆိုပါတယ်။