မန္တလေးတိုင်း၊ မိုးကုတ်-မန္တလေးလမ်းပိုင်းတွင် ပြင်ဦးလွင်ပကဖက စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ လုပ်ဆောင်ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖထံမှ သိရှိရသည်။
မိုးကုတ်-မန္တလေးလမ်းပိုင်းတစ်နေရာရှိ စစ်မျက်နှာပြင်တွင် ပြင်ဦးလွင်ခရိုင်ပကဖမှ တာဝန်ခံနှင့် ဒုတာဝန်ခံ ဖြစ်သူတို့က အနီးကပ်ကွပ်ကဲလမ်းညွန်ခဲ့ကြောင်း သိရှိရသည်။
မိုးကုတ်မြို့တွင် TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်လျက်ရှိနေချိန် ပြည်သူ့ကာကွယ်ရေးတပ်များကလည်း မန္တလေး-မိုးကုတ် လမ်းပိုင်းတို့တွင် စစ်ရေးအရ လှုပ်ရှားမှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။