မန္တလေးတိုင်း၊ မိုးကုတ်-သပိတ်ကျင်း လမ်းပိုင်း လုံခြုံရေး သပိတ်ကျင်းမြို့နယ် ပကဖ အဖွဲ့က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် သပိတ်ကျင်းမြို့နယ် (ပကဖ) ၊ သပိတ်ကျင်းတိုက်နယ် (ပကဖ) တို့ ပူးပေါင်း၍ စစ်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုများကို အနီးကပ်ကွပ်ကဲ လမ်းညွှန်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လမ်းပိုင်းတွင် ပိတ်မိနေသော ပြည်သူများကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ရင်းနှီးစွာ တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။