ကချင်ပြည်နယ် မိုးကောင်းမြို့ ဖားကန့်လမ်းဟောင်းနဲ့ မန္တလေးလမ်း ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ စစ်တပ်ရဲ့ ၂ မိုင်ဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ မိုးကောင်း PDF က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ နေ့လည်မှာစစ်တပ်နဲ့ပြည်သူစစ်တွေ စိတ်ကျဉ်းကြပ်အောင်ဒရုန်းနဲ့ ဗုံးကြဲခဲ့တာလို့ ဖော်ပြထားပါတယ်။
ဒရုန်းနဲ့ဗုံးကြဲတိုက်ခ်ိုက်မှုမှာ ထိခိုက်မှုရှိမရှိကိုတော့ ဖော်ပြထားတာမရှိပါဘူး။