ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၃ ရက်ဆက် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း အင်တော်ကြီး PDF မှ တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၁၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ရွှေလက်ပံရွာ အနီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် မိုင်းနောင်ရွာအနီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် အင်းတော်ကြီးမြို့ အဝင်၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း သိရှိရသည်။
” စစ်ခွေး စစ်ကြောင်းကို ၁၂ ရက်နေ့က ရွှေလက်ပံရွာ အနီး မိုင်းဆွဲ တိုက်ခိုက်တယ်။ ၁၃ ရက်နေ့မှာ မိုင်းနောင်ရွာအနီးမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီနေ့တော့ အင်းတော်ကြီးမြို့ အဝင်အနီးမှာ စစ်ခွေး စစ်ကြောင်းကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ် စစ်ခွေး အသေအပျောက်များနိုင်တယ် အရေအတွက် မသိရသေးဘူး ” ဟု အင်းတော်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။