ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ကျောင်းသားများသမဂ္ဂ – ဗကသများအဖွဲ့ချုပ်မှ ဗကသ ရဲဘော် ကိုဟိန်းမင်းထက် (ခ) ရဲဘော်အာကာ ကျဆုံးခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ (ဇွန်လ ၆) နံနက်က ပြုလုပ်ခဲ့ကြသည်။
ကျောင်းသားလူငယ်များက မိုးညှင်းမြို့နယ်ရှိ တံတားတစ်ခုပေါ်တွင် “နှောင်ကြိုးမှတစ်ပါးဆုံးရှုံးစရာမရှိ” ဟူသော ဘန်နာအား ချိတ်ဆွဲပြီး ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြရန် လှုံ့ဆော်ခဲ့ကြသည်။
ထို့အပြင် စစ်အာဏာရှင် ချုပ်ငြိမ်းရေးသို့ မရောက်မချင်း ပြည်သူများနှင့်အတူ တစ်သားတည်းဆက်လက်ရပ်တည်ပြီး တာဝန်များ ထမ်းဆောင်သွားမည်ဟုလည်း မိုးညှင်းမြို့နယ်ကျောင်းသားများသမဂ္ဂက ဆိုသည်။