မိုးဗြဲမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း အထိအခိုက်သေဆုံးမှုများ၍ ပြန်ဆုတ်သွားကြောင်း Special Operation Drone Force ရှမ်းတောင်တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
မိုးဗြဲမြို့ အခြေစိုက် ခမရ(၄၂၂)တပ်နှင့် တစ်ဆက်တည်း စစ်ကောင်စီ၏ ခြေကုပ်စခန်းများအား ဧပြီ ၃ရက်မှစ၍ တော်လှန်ရေးပူးပေါင်းတပ်များမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ထိတွေ့တိုက်ပွဲများမှာ ဧပြီတစ်လတာလုံးပြင်းထန်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် ဖယ်ခုံမြို့မှတဆင့် စစ်ကူပေးခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းများနှင့် တော်လှန်းပူးပေါင်းတပ်များ ဖယ်ခုံ – မိုးဗြဲလမ်းမကြီး တစ်လျှောက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ဖယ်ခုံနှင့် ဆောင်းပြောင်းကျေးရွာ အနီးတို့တွင်လည်း စစ်ကောင်စီ၏ စစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား ထိတွေ့မှုများ ရှိခဲ့သည်။
“မိုးဗြဲကို ထိုးစစ်ဆင်လာတဲ့ စစ်ကူစစ်ကြောင်းကို ဖြတ်တောက်ထားတာပါ။ အထိခိုက်အကျဆုံးရှိလို့ပြန်ဆုတ်သွားခဲ့ပါတယ်။လက်ရှိစစ်ရေးအခြေနေက တော့ အတိကျမရှိသေးဘူး”ဟု SODF-SS တာဝန်ရှိသူက ပြောသည်။
ခမရ(၄၂၂)တိုက်ပွဲတွင် စစ်ကောင်စီက အဆိုပါတပ်တွင်း၌ လေယာဉ်ဖြင့်ပြန်လည် ဗုံးကြဲတိုက်ခိုက်ခြင်းများကိုပါ ပြုလုပ်ခဲ့ပြီး တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုများအား အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ KNDFက မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။
ထို့အပြင် မိုးဗြဲမြို့တွင် စစ်ဆင်ရေးများ ဆက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းလည်း အသိပေးသည်။