ကရင်နီပြည်နယ်၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးရဲဘော်တွေက တောတွင်းတနေရာမှာ ဒီနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာကျရောက်တဲ့ ၂၇၆၃ နှစ်မြောက် ကယန်းနှစ်သစ်ကူးနေ့အခမ်းအနားကို အကျဉ်းချုပ် ပြုလုပ်ခဲ့တယ်လို့ 1007 Battalion– MOBYE People Defence Force -2 က ထုတ်ပြန်ထားပါတယ်။
၁၁၁၁ စစ်ဆင်ရေးကာလအတွင်း ဖယ်ခုံ-မိုးဗြဲဒေသအပါအဝင် ၊လွိုင်ကော်၊ဒီးမော့ဆို ဒေသတွေမှာ စစ်ရေး အရှိန်ပြင်းထန်နေတာကြောင့် ကယန်းနှစ်သစ်ကူးနေ့ အခမ်းအနားကို အကျဉ်းချုပ်ပြုလုပ်ခဲ့ တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ရေးရဲဘော်တွေဟာ ကယန်းနှစ်သစ်ကူးနေ့ကို ကြိုဆိုတဲ့အနေနဲ့ ကယန်းအမျိုးသား အလံ တော်ကို လွှင့်ထူတာ၊ အလံတော်ကို အလေးပြုတာနဲ့ ကယန်းအမျိုးသားသီချင်းကို ဂုဏ်ပြုသီဆိုခဲ့ ကြတယ်လို့ သိရပါတယ်။