မိုးဗြဲ PDF အမှတ် (၁၀၀၇) တပ်ရင်းက အပတ်စဥ် ၄ မွမ်းမံသင်တန်းနဲ့ ရဲဘော်တပ်သားအသစ် (၈၀) ဦး အခြေခံစစ်သင်တန်း ပြီးဆုံးကြောင်း ဒီနေ့ မတ် ၆ ရက်မှာ ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ပါတယ်။
ရှမ်း၊ကယားနယ်စပ် မိုးဗြဲနဲ့ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မိုးဗြဲ PDF အမှတ် (၁၀၀၇) တပ်ရင်းဟာ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေနဲ့လည်း ပူးပေါင်းတိုက်ပွဲဝင်နေပါတယ်။