ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ကို တော်လှန်ရေး မဟာမိတ်တပ်များက ယနေ့ နံနက်အစောပိုင်းမှစတင်၍ ဝင်ရောက် တိုက်ခိုက်နေကြောင်း မိုးမိတ်မြို့မှ ပြည်သူများက ပြောဆိုသည်။
” မိုးမိတ်ရဲ့ အဓိကဝင်ပေါက် စစ်ကောင်စီ ဆင်ကင်တပ် စခန်းကို တအာင်းတပ်မတော် PSLF/TNLAက သိမ်းပိုက်ပြီး တဲ့နောက် KIA ၊ TNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက မိုးမိတ်မြို့ကို ဝင်ရောက်တိုက်ခိုက်နေပါတယ်။ မိုးမိတ်မြို့သိမ်းတိုက်ပွဲလို့ ပြောရမယ့် အခြေအနေပါ” ဟု မိုးမိတ်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ကျန်ကန်တပ်စခန်းကို ယမန်နေ့ TNLA က သိမ်း ပိုက် ရရှိကြောင်း တရားဝင် သတင်း ထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် မိုးမိတ်မြိုနယ် စစ်ကောင် စီ စကခ-၂၁ နှင့် ခလရ-၂၂၃ အခြေချတပ်စွဲထားသည့် ကျန်ကန်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ ကျန်ကန်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဇန်နဝါရီလ ၃ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၃ ရက်ကြာ ဇန်နဝါရီ ၅ ရက်နေ့ နံနက်ပိုင်းတွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း ၊ ၎င်းတပ်စခန်းအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့ ကြောင်း သိရှိရသည်။
စစ်ကောင်စီ ဆင်ကင်(ကျန်ကန်)တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင် စီ မိုးမိတ်တပ်စခန်းက လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၁၇ ကြိမ် နှင့် လေကြောင်းတိုက်ခိုက်မှု Jet Fighter ၂ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။