ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ အုန်းကြောရွာသစ်ထဲ မနေ့ နေ့ခင်းပိုင်းက လက်နက်ကြီး ကျပြီး ဒေသခံ သက်ကြီးပိုင်း လင်မယား နှစ်ဦး သေဆုံးသွားရပါတယ်။
လက်နက်ကြီးကျည်ဟာ အုန်းကြောရွာ ဦးကျောက်ခဲ တို့ နေအိမ် ပေါ် ကျရောက်ပြီး ဦးကျောက်ခဲနဲ့ ဇနီးဖြစ်သူတို့ သေဆုံးခဲ့ရတာပါ။
သေဆုံးသူတွေကို “ဒီနေ့ပဲ သဂြိုလ်လိုက်ပါတယ်”လို့ ကူညီကယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။
ဒီနေ့ နေ့ခင်းပိုင်းမှာ လင်မယားနှစ်ဦး ရဲ့ရုပ်အလောင်းတွေကို သဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးဘေး နဲ့ သေဆုံးသူ လင်မယားဟာအသက် ၅၀ ဝန်းကျင်တွေရှိကြပါပြီ။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ စစ်ကောင်စီတပ်ဟာ မိုးမိတ်မြို့နယ်ထဲက မြောက်ပိုင်း သုံးဖွဲ့ အဖွဲ့ဝင် တအောင်းတပ်(TNLA) ထိန်းချုပ်ရာ နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။