ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ အလောဘွမ် အောက်ဘက်ရှိ ရှန်တုန်ဘွမ် အခြေစိုက် ခမရ – ၄၃၈ စစ်ကောင်စီတပ်စခန်းကို ဒီကနော့ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဒီ မနက်ပိုင်းက အလောဘွမ်နားက ခမရ – ၄၃၈ စခန်းကို သိမ်းလိုက်တယ်။ ရှန်တုန်ဘွမ် အခြေစိုက်။ မိုးမောက်မြို့နယ်ထဲမှာပါတာ ဟုတ်တယ်။” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ။တစ်ဦးက ပြောပါတယ်။
KIA တပ်မဟာ ၅ နဲ့ ပူးပေါင်း အဖွဲ့တွေက သိမ်းပိုက်ခဲ့တာလို့ သူက ပြောပါတယ်။
“မိုးမောက်မြို့နယ် ဘက်က နွမ်းလန် ဘက်လည်း အခြေအနေမကောင်းဘူး။ ဘယ်ချိန် တိုက်ပွဲ ဖြစ်လာမလဲ မသိဘူး” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
မိုးမောက် ခမရ ၄၃၈ ကလည်း ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၂၁ အောက် ခြေလျင်တပ်ရင်းနဲ့ ခြေမြန်တပ်ရင်း တွေထဲက တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်လ ၂၆ ရက်နေ့ကစ မိုးမောက်မြို့နယ်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းအဖွဲ့တွေ အကြား ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာဖြစ်ပါတယ်။