မီဇိုရမ်ပြည်နယ် လိုင်ခရိုင်မြို့တော် လောင်တလိုင်မြို့ တွင် လမည့် အောက်တိုဘာ ၂၇ နှင့် ၂၈ ရက်တွင် ချင်း ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပမှာ ဖြစ်ကြောင်းသိရှိရပါတယ်။
“လူမျိုးအများကြီးရှိတဲ့ထဲမှာ နေ့ရက်တွက်ချက်ရာတွင် တစ်ချို့ကနေကိုကြည့်ပြီး တွက်တဲ့လူ ရှိသလို လကို ကြည့်ပြီးတွက်တဲ့လူလည်းရှိပါတယ် ကျွန်တော်တို့ ရှေးဘိုးဘွား ချင်းလူမျိုးကတော့ တောင်ယာကိုကြည့်ပြီး နှစ်တစ်နှစ် ကို ရေတွက်တာ ဖြစ်ပါတယ်။ တောင်ယာတွင်စိုက်ပျိုးသော အသီးအနှံများရိတ်သိမ်းပြီးချိန် ကိုနှစ်တစ်နှစ်ရဲ့ အဆုံးလို့သတ်မှတ်ပြီး လာမည့်နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ လုပ်ရခြင်းဖြစ်ပါတယ်” ဟု ချင်းနှစ်သစ်ကူးပွဲ တော်ဖြစ်မြောက်ရေးကော်မတီဝင် တစ်ဦးက Zalen ကိုပြောပါတယ်။
ဒီပွဲလုပ်ရခြင်းရဲ့အဓိက ရည်ရွယ် ချက်ကတော့ မီဇိုရမ်မှာနေထိုင်ကြတဲ့ ချင်းလူမျိုးအများစုက ဒီချင်းနှစ်သစ် ကူးပွဲတော်ကို မသိကြတော့ဘူး ဒါကြောင့်ဒီကလူတွေ အလေးထားတက်လာပြီးနောက်နောင်မှာလဲ ဆက်လက်ကျင်းပလာ နိုင်အောင် ရည်ရွယ် ပါတယ် လို့ ၎င်းကဆက်ပြောပါတယ်။
ဒီနှစ်သစ်ကူးပွဲတော်ကို နှစ်ရက်ကျင်းပမှာဖြစ်ပြီး ပထမ တစ်ရက်တွင်ချင်းလူမျိုးများအလေးထားသော ချင်းရိုးရာနပန်းလုံးပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ကြိုးဆွဲပြိုင်ပွဲနှင့် အခြားသော သောအားကစားများကိုလည်းထည့် သွင်းကျင်းပမှာဖြစ်ပါတယ်။ ချင်းရိုးရာနပန်းလုံးပြိုင်ပွဲတွင် ပထမဆုကို ရူပီ (၁၀၀,၀၀၀) ချီးမြှင့်မှာဖြစ်ပြီး ဒုတိယဆုကိုရူပီ (၅၀,၀၀၀) ချီးမြှင့်မယ်လို့သိရပါတယ်။
ပွဲတော် ဒုတိယနေ့တွင် ချင်းရိုးရာနှစ်သစ်ကူးအကြောင်း ဟောပြောတဲ့အစီအစဉ်၊ ချင်းရိုးရာအက အမျိုးမျိုး များထည့်သွင်းထားပြီးချင်းအဆိုတော်တစ်ချို့လည်းသီဆိုဖျော်ဖြေမှာဖြစ်ပါတယ်။ ဤပွဲတော်တွင်ချင်း စာပေ နှင့်ကဗျာ ပြိုင်ပွဲလည်းကျင်းပမှာ ဖြစ်ကြောင်းသိရှိရပါတယ်။
See Translation
All reactions:
510510