နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ချင်းပြည်နယ်၊ မတူပီမြို့ကနေ မီဇိုးရမ်ပြည်နယ်ဘက်ကို ၂၀၂၁ခုနှစ်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေဟာ မိမိနေရပ်ကို ပြန်ရန် ပြင်ဆင်နေကြတယ်လို့သိရပါတယ်။
မီဇိုးရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်တွေဟာ ယအရင်နှစ်တွေကလို စားနပ်ရိက္ခာတွေထောက်ပံ့မှုမရတဲ့အပြင် အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ပိုမိုခက်ခဲလာပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြားက စစ်ဘေးရှောင်တချို့နေရပ်ပြန်ရန် ပြင်ဆင်နေကြတာဖြစ်ပါတယ်။