စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ အခြေပြုထားတဲ့ မုံရွာ အထူးတိုက်ခိုက်ရေးအဖွဲ့ – Special Regional Attacks Forces – Monywa (SRAF) တပ်ဖွဲ့ရဲ့ ထုတ်လုပ်ရေး၊ တိုက်ခိုက်ရေးနှင့် နယ်မြေခံ မဟာမိတ်ချိတ်ဆက်ရေးစခန်း မနေ့က မုန်တိုင်း တိုက်ခတ်မှုနဲ့အတူ မိုးသည်းပြီး ရေတိုက်စားသွားတာကြောင့် စခန်းမှာရှိတဲ့ စစ်သုံးပစ္စည်းနဲ့ ရိက္ခာတချို့ ပျက်ဆီးဆုံးရှုံးသွားပြီး ပြန်လည်ထူထောင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။
“မနက်ခင်း စောစောစီးစီး ဖုန်းဝင်လာတယ်။ ကြားလိုက်ရတဲ့ သတင်းကတော့ SRAF တပ်စိပ်(၂) – ဘုတလင်မြို့နယ်အခြေစိုက် ထုတ်လုပ်ရေး၊ တိုက်ခိုက်ရေးနှင့် နယ်မြေခံ မဟာမိတ်ချိတ်ဆက်ရေး စခန်းက လေတွေတိုက်၊ မိုးတွေကြီးလို့ ရိုးရေတွေနဲ့အတူ စစ်သုံးပစ္စည်းများနှင့် ရိက္ခာအချို့ ပျက်ဆီးသွားတယ်တဲ့” လို့ SRAF -Monywa၊ မုံရွာခရိုင် အမှတ်(၁)တပ်ရင်း – Monywa People Defence Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်နာရွဲ့ဆွမ်က ဆိုပါတယ်။
အထူးတိုက်ခိုက်ရေးအဖွဲ့ (မုံရွာ) – SRAF စခန်း ပြန်လည် ထူထောင်ရေးအတွက် တတ်နိုင်သူတွေက ဝိုင်းဝန်း ကူညီပေးကြဖို့လည်း ရဲဘော်နာရွဲ့ဆွမ်က ဆိုပါတယ်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတဝန်း မိုးရွာ၊ ရေကြီး၊ မြေပြို၊ လေပြင်းတိုက်ပြီး လူသေဆုံးတာ၊ အဆောက်အဦး ထိခိုက်ပျက်စီးတာ၊ သီးနှံစိုက်ခင်း ရေမြုပ်ပျက်စီးတာတွေ ကြုံခဲ့ရပါတယ်။