မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို တုံ့ပြန်ဆောင်ရွက်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာ ၁၇ သန်းခန့် ထပ်တိုးကူညီမယ်လို့ အမေရိကန်သံရုံးက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
အဲ့ဒီအကူအညီကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က တဆင့် မုန်တိုင်းသင့်ဒေသတွေမှာ ဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ပေးအပ်သွားမယ်လို့ သိရပါတယ်။
မုန်တိုင်းဖြစ်ပြီး ကနဦးအကူအညီအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဒေါ်လာ ၂ သိန်း ထောက်ပံ့ပေးထားပြီဖြစ်သလို အခုထပ်မံကာ ထပ်တိုးကူညီမှု ပေးနေတာ ဖြစ်ပါတယ်။
အရေးပေါ် နားခိုစရာ၊ သန့်ရှင်းသောရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်ရာမှာလည်း အကူအညီဖြစ်စေရန် ရည်ရွယ်ချက်ထားလုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
ခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အပါအဝင် စုစုပေါင်းလူဦးရေ ၅ ဒဿမ ၄ သန်းကျော် ထိခိုက်ခံစားခဲ့ရတယ်လို့ UNOCHA ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းဒဏ်အပြင်းအထန်ဆုံး ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာတော့ အမိုးအကာ၊ စားနပ်ရိက္ခာစတဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေကြနေပေမယ့် လက်ရှိအချိန်ထိ ဘာအကူအညီမှမရရှိကြသေးဘူးလို့ ဒေသတွင်း မီဒီယာများရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။
မုန်တိုင်းသင့်ပြည်သူတွေရဲ့ပျက်စီးဆုံး ရှုံးမှုတွေကို စစ်ကောင်စီအပါအဝင်၊ နိုင်ငံတကာအဖွဲ့အစည်းတွေကပါ လာရောက်စာရင်းကောက်ယူတာတွေ မရှိသေးဘူးလို့ သိရပါတယ်။
မုန်တိုင်းကြောင့် ရခိုင်ရှိ လူဦးရေတစ်သန်းကျော်ဟာ ဒုက္ခပေါင်းစုံနဲ့ကြုံ တွေ့နေကြရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။