လိုင်ဇာမြို့အနီး ၊ မုန်လိုင်ခက်စစ်ရှောင်စခန်းနှင်ွ ရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ယမန်နေ့(အောက်တိုဘာ ၁၃)ညက လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ပြီးနောက် တရုတ်နိုင်ငံဘက်ခြမ်းတွင် တရုတ်စစ်သားများက တင့်ကားများဖြင့် ကင်းလှည့်ခဲ့ကြောင်း လိုင်ဇာဒေသခံများကပြောသည်။
မုန်လိုင်ခက်ရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ကအောက်တိုဘာလ ၁၃ရက် ည ၈နာရီခန့်မှ ၁၂ နာရီခန့်အထိ လက်နက်ကြီး ငါးလုံးထက်မနည်း ပစ်ခတ်ခဲ့သည်ဟု လိုင်ဇာဒေသခံတစ်ဦးက ပြောသည်။
“မုန်လိုက်ခက်ဖက်ကို ညက ပစ်တယ်။ မြေပြင်ထိခိုက်မှုက ကျွန်တော်တို့ မသွားနိုင်သေးလို့ မသိရသေးဘူး။ တရုတ်ဘက်မှာတော့ ညတွင်းချင်း တင့်ကားတွေနဲ့ကင်းလှည့်တယ်။ လိုင်ဇာဘက်ကနေ မြင်နေရတယ်”ဟု ဒေသခံကဆက် ပြောသည်။
ထပ်မံရရှိသော သတင်းများအရ စစ်ကောင်စီပစ်ခတ်သောလက်နက်ကြီးများကြောင့် လူထိခိုက်မှု မရှိကြောင်းသိရသည်။
အောက်တိုဘာ ၉ ရက်ညတွင် စစ်ကောင်စီတပ်က မုန်လိုင်ခက် စစ်ရှောင် စခန်းကို ဖျက်အားပြင်းလင်နက်ဖြင့်တိုက်ခိုက်ခဲ့၍ ကလေးငယ် ၁၃ ဦးအပါအဝင် စစ်ရှာင် ပြည်သူ ၂၉ ဦးသေဆုံးပြီး ၆၀ ခန့်ဒဏ်ရာရရှိခဲ့သည်။