ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တိုက်ပွဲအတွင်းမှာ လက်နက်ချ အညံခံလာတဲ့ အကြမ်းဖက် စစ်သားတွေကို ကောင်းမွန်စွာနဲ့ ဆေးကုသမှု ပေးထားတယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းက ဓာတ်ပုံတွေနဲ့တကွ အသိပေး ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ခြေမြန်တပ်ရင်း (၅၉၀) နဲ့ (၅၉၉) ၊ မုန်းမြို့မ ရဲခစန်း တို့ကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၄ ရက် ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တာပါ။
စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့သလို ဖမ်းဆီးရမိတဲ့ သုံ့ပန်း တွေ ၊ လက်နက်ချ အညံခံလာတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားတယ် လို့ဆိုပါတယ်။
ဒါ့အပြင် ဒဏ်ရာရထားတဲ့ ရန်သူ့တပ်သားများကိုလည်း တော်လှန်ရေးတပ်ဖွဲ့က လူသားချင်းစာနာ မှုအပြည့်အဝဖြင့် ဆေးကုသကာ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းက ပြောပါတယ်။
အကြမ်းဖက်စစ်သားတွေအနေနဲ့ မိမိတို့ရဲ့ အသက်ကို ငဲ့ညှာတဲ့အနေနဲ့ပဲဖြစ်ဖြစ်၊ ပြည်သူ့မျက်နှာကို ထောက်ပြီးတော့ပဲဖြစ်ဖြစ် အလင်းဝင်ကြဖို့အတွက်လည်း တော်ဝင်ဒေါင်းစစ်ကြောင်းက တိုက်တွန်းထား ပါတယ်။