ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင် ခရိုင်၊ မူး(မုန်း)မြို့နယ်တွင် စစ်ကောင်စီက ယနေ့ နေ့လယ်ပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း KNU ဗဟိုက ရုပ်သံမှတ်တမ်းနှင့်အတူ သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၂၂ရက် နေ့လယ် ၁နာရီကျော်တွင် မုန်းမြို့နယ် ရေလဲကျေးရွာအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ လေတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်၍ ရေလဲဘုရားကျောင်းနှင့် မူကြိုကျောင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဖော်ပြသည်။
ထို့ပြင် မီးလောင်ဗုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ်အချို့နှင့် ပစ္စည်းဂိုဒေါင်မီးလောင်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ညောင်လေးပင်ခရိုင် အပါအဝင် KNUနယ်မြေများရှိ ကျေးရွာများကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့ပြီး ဒေသခံများစွာ စစ်ဘေးရှောင်နေကြရသည်။