ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီ တပ်က ရဟတ်ယာဉ် ၃ စီး ဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာ ၆ ရွာမှ ပြည် သူ ၅၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း KNU ဗဟိုထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်အချိန် ကေအဲန်ယူ −ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင် တပ်မဟာ ၃ ၊ မူး (မုန်း) မြို့နယ်အတွင်းရှိ ဟော်ခိုဂေါကျေးရွာ၊ မယ်တလင် ကျေးရွာနှင့် ဆင်းပုလဲကျေးရွာများအတွင်းသို့ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ် ၃ စီးဖြင့် ၁၃ ကြိမ်ခန့် လာရောက်ပစ်ခတ် ခဲ့ကြောင်း၊ ပြည်သူက ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ထိခိုက်မှုမရှိကြောင်း၊ နေအိမ်အ ဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ကျေးရွာများတွင် စစ်တပ်က တပ်စွဲထားသဖြင့် ပျက်စီးဆုံးရှံမှုစာရင်းအတိအကျ ကောက်ခံ နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် ဟောခိုဂေါရွာ၊ ဝိုင်းကြီးရွာ၊ ဆင်းပုလဲရွာ၊ လူအရွာ၊ မယ်တ လင်ရွာနှင့် ထွာနီကုန်းရွာရှိ အိမ်ခြေစုစုပေါင်း ၉၄၇ လုံးမှ လူဦးရေစုစုပေါင်း ၅၂၉၅ ဦးတို့မှာ နေရပ် စွန့်ခွာထွက်ပြေး တိမ်း ရှောင်နေရပြီး စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် နေရာထိုင်ခင်း အမိုးအကာများ စသည့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီများ ကိုလို အပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရန်မျိုးအောင်ကျေးရွာ နှင့် တမောကျေးရွာတို့မှ အိမ်ခြေစုစုပေါင်း ၃၆ လုံးမှာ လည်းရေကြီး ရေလျှံမှု ခံစားနေရပြီး စစ်ဘေးနှင့် သဘာဝဘေး အန္တရာယ် ကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ပြည်သူ လူထု အတွက် ကူညီထောက်ပံ့လိုသော ပြည်သူလူထုများအနေဖြင့် မုန်းမြို့ နယ် ကရင် အရေး ပေါ်ကူညီကယ်ဆယ်ရေးကော်မတီ သို့မဟုတ် ကေအဲန်ယူ− သတင်းနှင့်ပြန်ကြားရေး ဗဟိုသို့ ဆက်သွယ်မေးမြန်ပြီး အကူအညီများ ပေးအပ် နိုင် ကြောင်း အသိပေးထားသည်။