ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မုန်း(မူး)မြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၈)က ဖမ်းဆီးရရှိခဲ့သည့် မူးယစ်ဆေးဝါးများကို ဧပြီ ၃ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ကာလတန်ကြေး ကျပ်သိန်း ၇၀၀ကျော်မူးယစ်ဆေးဝါးများကို KNU မူးမြို့နယ်/တပ်ရင်း(၈) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီတာဝန်ရှိသူများ, (KNLA) တပ်ပိုင်းဆိုင်ရာခေါင်းဆောင် များနှင့်အတူ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF) တာဝန်ရှိခေါင်းဆောင်များ ဦးစီး၍ မူး ယစ်ဆေးဝါးတိုက်ဖျက်ခေါင်းစဉ် ဖြင့် မီးရှို့ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများအနက် ဆေးခြောက်၊ဆေးပြားများအပြင် အရက်သေစာများလည်းပါဝင်ခဲ့ဟု ဆိုသည်။
ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများ အား KNUမှ ပြဌာန်းထားသည့် မူးယစ်ဆေးဝါးအထူးအက်ဥပဒေအရ ထိရောက် စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
မူးမြို့နယ် တပ်ရင်(၈)ဒေသအတွင်း မူးယစ် ဆေးဝါးများ ဝယ်ယူ၊ရောင်းချ၊ သုံးစွဲခြင်းများကို တင်းကြပ်စွာ ပိတ်ပင်ထားကြောင်း အသိပေးသည်။