ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ( ၃ ) နယ်မြေ မူးမြို့နယ်၊ မုန်းမြို့ပေါ်တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်မှ လက်နက်ချအညံခံခဲ့သော စစ်ကောင်စီစစ်သား ၁၉ ဦးအပါအဝင် တပ်မိသားစုဝင် ၄၂ ဦးအား စစ်ကောင်စီတပ်၏ လက်နက်ကြီးများနှင့်လေကြောင်းတိုက်ခိုက်မှုများကြားမှ ဘေးလွတ်ရာသို့ ရွှေပြောင်းကာ စစ်သုံ့ပန်းဥပဒေများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ပေးထားသည်ဟု ကရင်အမျိုးသားအစည်းအရုံး kNU ဗဟိုကသတင်းထုတ်ပြန်ထားသည်။