KNUအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့တွင်ပြန်လည်ဝင်ရောက်လာသည့်စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ နေ့၁၁နာရီ၄၅ မိနစ်အချိန်တွင် မုန်းမြို့ရှိ ရပ်ကွက်တွင် လူနေအိမ် မီးစတင်ရှို့လိုက်တယ်လို့ KNU သတင်းရင်းမြစ်ထံမှ သိရှိရပါတယ်။
“နေ့လည် ၁၁နာရီ၄၅ မိနစ်အချိန်မှာအိမ်မီးစတင်ရှို့ခဲ့ပြီး ရပ်ကွက်၁နေ ဉီးတိုးအိမ်ကိုစတင်ရှို့ခဲ့တယ်လို့” သူက Salween Press ကို ပြောဆိုပါတယ်။
“မီးရှို့တဲ့ရပ်ကွက်ကိုလူလည်းမရှိတော့ မီးအခြေနေဆိုးပြီးအားလုံးမီးကူးနိုင်တယ်” ဟု သူကဆိုပါတယ်။
“အချို့မြို့ခံတွင်ဖမ်းခံထိတာရှိနေတယ် ပိတ်မိသူအချို့ရှိနေသေးတယ် အပြင်ထွက်မရဲကြဘူး ပုန်းအောင်းပြီး နေနေရတယ်လို့” ထိုသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။