မုံရွာခရိုင် PDF အမှတ်(၇) တပ်ရင်း – Monywa Lightning PDF ရဲ့ အပတ်စဉ်(၁၀) မွမ်းမံ စစ်သင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပခဲ့နိုင်ခဲ့တယ်လို့ Monywa Lightning PDF က ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။
“ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်နိုင်ရေးနှင့် စစ်အာဏာရှင်၏ လက်ပါးစေများကို ပိုမို ထိရောက်စွာ ရဲရဲရင့်ရင့် တိုက်ခိုက်နိုင်ရေးအတွက် ကျွန်တော်တို့ မုံရွာခရိုင် တပ်ရင်း(၇)၏ တပ်ခွဲ တစ်ခုအား မွမ်းမံသင်တန်း အပတ်စဉ်(၁၀)အဖြစ် လေ့ကျင့်ပေးခဲ့သည့် သင်တန်းဆင်းပွဲ ပုံရိပ်အချို့ကို မိဘပြည်သူများထံ တင်ပြအပ်ပါသည်။ ပြည်သူကို မျက်နှာမူပြီး ပြည်သူ့ ရဲဘော်ကောင်းများ အဖြစ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ပေါက်သည်အထိ ရဲရင့်စွာ တိုက်ပွဲဝင်သွားပါမည်ဟု ကတိသစ္စာ ပြုအပ်ပါသည်” လို့ Monywa Lightning PDF က ဖော်ပြပါတယ်။