စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စီးပွားရေး တက္ကသိုလ်၌ ကင်းစောင့်နေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force-Monywa အဖွဲ့ထံမှ သိရသည်။
မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မုံရွာမြို့ပေါ်ရှိ စီးပွားရေး တက္ကသိုလ်တွင် ကင်းစောင့်နေသော စစ်သား ၄ ဦးကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂ ဦး နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Golden Eagle Force-Monywa၊ Red Star Front-ကြယ်နီတပ်ဦး(PLA)၊ ပုဏ္ဏက ပြောက်ကြားတပ်ဖွဲ့၊ Monywa People Defence Force M.P.D.F(local) နှင့် Brothers Revolution Force-Monywa တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။