ယမန်နေ့ စက်တင်ဘာ ၁၄ က မုံရွာမြို့တွင် ဒုချုပ်စိုးဝင်းရောက်ရှိနေ၍ ဖုန်းလိုင်းများဖြတ်တောက်ထားပြီး ကင်းပုန်းများချထားကြောင်း ဒေသခံများမှ သတင်းပေးပို့ထားပါတယ်။
မုံရွာမြို့ဝန်းကျင်နှင့်ယင်းမာပင်သီတဂူအနှံ့ ကင်းပုန်းချထားပြီး စက်တင်ဘာ ၁၄ ညကလဲ စစ်ဆေးမှုများပြုလုပ်နေတယ်လို့ ကြားသိရပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ Mi 35 စစ်လေယာဉ်သည်လည်း ယင်းမာပင် ပုလဲ ဆားလင်းကြီး ပတ်ဝဲနေပြီး ယနေ့ စက်တင်ဘာ ၁၅ တွင် လေကြောင်းခရီးစဉ်နှင့်ပြန်လည်ထွက်ခွါမည့်သတင်းကိုလဲရရှိထားပါတယ်။
“မြို့နယ်တော်တော်များများမှာ ကျောင်းတွေတော့ပိတ်ထားတယ်၊ မြစ်အနောက်ဘက်ကိုလဲ မြေပြင်စစ်ကြောင်း ထိုးမယ်”ဟု သတင်းများကြားထားကြောင်း ဒေသခံများကပြောကြားခဲ့ပါတယ်။