မုံရွာတွင် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် အမျိုးသမီးမဟာမိတ်အင်အားစုတို့ပူးပေါင်း၍ ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို အကြမ်းဖက်စစ်အုပ်စုမှ အဓမ္မ ကြိုးပေးသတ်ဖြတ်ခံခဲ့ရခြင်း တစ်နှစ်ပြည့်မြောက်သည့် ယနေ့ ဇူလိုင် ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။