စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်တွင် ယနေ့ (ဧပြီ ၃) နံနက်ပိုင်း၌ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တော်လှန်လူငယ်များက ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။
ယင်းလူငယ်များက “စကစရဲ့ပေါ်တာဆွဲညွှန်ကြားချက် လူထုအားနဲ့တိုက်ဖျက်ကြ” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းနှင့် စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“စစ်ကောင်စီက မုံရွာမြို့ပေါ် စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ ပြည်သူတွေကို ပေါ်တာဆွဲလျှက်ရှိပါတယ်။ မုံရွာမြို့ပေါ်မှာ စကစက လုံခြုံရေးတင်းကျပ်ထားပြီး ပေါ်တာဆွဲနေတာကြောင့် ပြည်သူတွေ သတိရှိရှိသွားလာကြဖို့ တိုက်တွန်းလိုပါတယ်”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့က တိုက်တွန်းသည်။