စစ်ကိုင်းတိုင်း၊ မုံရွာမြို ၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် အုပ်ချုပ်ရေးမှူးနှင့် ရဲ ၁ ဦး လိုက်ပါလာသော ကားကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံးခဲ့ကြောင်း Golden Eagle Force-Monywa အဖွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မုံရွာမြို ၊ နတ်လူထိပ္ပန်ရပ်ကွက် ၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် နတ်လူထိပ္ပန် အုပ်ချုပ်ရေးမှူး နှင့် ရဲ ၁ ဦး လိုက်ပါလာသော ကား ၁ စီးကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဆေးရုံတွင် ကုသမှု ခံယူနေစဥ် ၂ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။
“မုံရွာမြိုမှာရှိတဲ့ အုပ်ချူပ်ရေးမှူးတွေကို ပြောချင်ပါတယ်။ မကြာခင်လည်း မင်းတိုအလှည့်လာမယ်လို မသေခင်အမြင်မှန်ရရင် လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို ပြောချင်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ပစ်ခတ်မှုတစ်ခုခုမြင်ရကြားရရင် မစပ်စုဘဲ ဘေးကင်းရာမှည နေပေးကြဖို ေပြာချင်ပါတယ်” ဟု Golden Eagle Force-Monywa အဖွဲမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Golden Eagle Force-Monywa နှင့်အတူ Ka Naung Min Tar Gyi(Monywa) ၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ တိုက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။