စစ်ကိုင်းတိုင်း မုံရွာမြို့လယ်ရှိ မီးပွိုင့်ထိပ်အနီးတွင် ယနေ့ (မေလ ၁၁) နံနက်ပိုင်းက တော်လှန်လူငယ်များက တရုတ်အလံကို မီးရှို့ပြီး စစ်အာဏာရှင်ကို ထောက်ခံအားပေးနေသည့် တရုတ်အစိုးရအားဆန့်ကျင်သည့် သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
လူငယ်များက မုံရွာမြို့လယ်ရှိ မီးပွိုင့်ထိပ်ယာဥ် ထိန်းရဲကင်းတွင် “China Stop.Killing Myanmar People by Supporting Fascist Criminals” ဘန်နာ ချိတ်ဆွဲပြီး တရုတ်အလံကို မီးရှို့ကာ စစ်အုပ်စုကို ထောက်ခံအားပေးသည့် တရုတ်အစိုးရအား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
ယင်းဆန္ဒပြလှုပ်ရှားမှုကို “မုံရွာလူငယ်များအစည်းအရုံး”မှ လူငယ်များဦးဆောင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။