စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အမှတ် ၂ ရဲစခန်းအနီးရှိ စာသင်ကျောင်းအတွင်း၌ အကြမ်းဖက်စစ်ကောင်စီ အရာရှိကြီးများ အစည်းအဝေးလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးဒဏ်ရာရရှိခဲ့ပြီး အစည်း အဝေးတက်ရောက်လာသည့် ကားများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က မုံရွာမြို့ပေါ်ရှိ အမှတ် ၂ ရဲစခန်းအနီး အကြမ်း ဖက်စစ်သားများ အထိုင်ချတပ်စွဲထားသော စာသင်ကျောင်းအတွင်း၌ စစ်ဖက်ဆိုင်ရာ အရာရှိကြီးများ အစည်းအဝေးလုပ်နေကြောင်း သတင်းအရ ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ယင်းအစည်း အဝေးကို စောင့်ပေးနေသော အကြမ်းဖက်စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ အစည်းအဝေးသို့ လာ ရောက်သော ကားများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ရဲစခန်းအနီးမှာ စစ်ခွေးတွေ အထိုင်ချတဲ့ စာသင်ကျောင်းမှာ အစည်းအဝေးလုပ်တာပါ၊ ထွေအုပ်ရုံးနဲ့ ရဲ တိုင်းရုံးကို ဗုံးချပြီးကတည်း လုံခြုံရေး အဆမတန်တိုးချထားတယ်၊ ည ၁၀ နာရီလောက်ကလည်း စစ် ကား ၁၃ စီးနဲ့ အင်အားတွေ ထပ်ဖြည့်ထားတယ်၊ အခုလဲ လုံခြုံရေးအတွက် အစည်းအဝေးလုပ်တာလို့ ယူဆရပါတယ်၊ အဆောက်အအုံထဲကို ဗုံးသီးတွေက မထိုးဖောက်နိုင်တော့ အဆောက်အအုံရှေ့မှာပဲ ချလိုက်တာ၊ အစောင့်ခွေးတွေပဲ ထိလောက်တယ်၊ အရာရှိကြီးတွေတော့မပါနိုင်ပါဘူး။ သူတို့က အ ဆောက် အအုံထဲမှာ နေတာဆိုတော့” ဟု ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဗုံးသီးကျရောက်ပေါက်ကွဲပြီးနောက် အကြမ်းဖက်စစ်သားများမှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF ၊ Shar Htoo Waw နည်း ပညာတပ်ဖွဲ့၏ Team(4)SSTF ၊ မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၃ တပ်ခွဲ ၄ ၊ မုံရွာ၊ ပကဖ ၊ Wings Of Kalay ကလေး ၊ ကျောက်လုံးကြီး KLG တပ်မဟာ ၊ အနောက်ပိုင်းတိုက်ခိုက်ရေး (001)CDSOM ၊ MRTF အရာတော် ၊ စစ်ကိုင်းခရိုင်၊ တပ်ရင်းအမှတ် ၄ MSPDF၊ Seven People Defense Force-Mandalay ၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့) ၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့၊ Support To Federal Democracy ၊ မဖြူလေးနှင့် ဒေသကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။