စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၁၅ ရက်နေ့ ည ၉ နာရီခန့်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ တပ်ခွဲ ၃ Monywa Nightking PDF နှင့် နဂါးနက် LPDF တို့ ပူးပေါင်းကာ ၁၂၀ မမ ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ပျက်စီးမှု အခြေအနေနှင့် စစ်သားများ သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
” စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ လက်နက်ကြီးတွေကတော့ ကျရောက် ပေါက်ကွဲတာတော့ ရှိတယ်” ဟု Chindwin Attack Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force ) တပ်ရင်း ၄ နှင့် တပ်ခွဲများမှ ထိုးစစ် တိုက်ခိုက်နေခြင်းကြောင့် အရေးပေါ် လက်နက်ခဲယမ်း များစွာ လိုအပ်နေလျက်ရှိကြောင်း မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force ) က ထုတ်ပြန်ထားသည်။