စစ်ကိုင်းတိုင်း မုံရွာမြို့လယ်ရှိ နာရီစင်တွင် ယနေ့ (မေလ ၇) နံနက်ပိုင်း၌ တော်လှန်လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်၍ ဆန္ဒပြခဲ့သည်။
လူငယ်များက နာရီစင်တွင် “အုပ်ချုပ်လို့တော့ မရဘူး “ဒုတ်” စုပ်လို့တော့ရမယ်” ဟူသောဘန်နာကို ချိတ်ဆွဲ၍ တာယာကွင်းကို မီးရှို့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းဆန္ဒပြလှုပ်ရှားမှုကို “မုံရွာလူငယ်များအစည်းအရုံး”မှ လူငယ်များက ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။