စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာယာ၌ အကြမ်းဖက်စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်အပါ အဝင် Non CDM ဝန်ထမ်းများ လမ်းလျှောက်ပွဲပြုလုပ်နေစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Goldern Eagle Force – Monywa မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၂၃ နံနက် ၇ နာရီ ဝန်းကျင်ခန့်က မုံရွာမြို့၊ ကန်သာယာတွင် အကြမ်းဖက်စစ် ကောင်စီခန့် ဝန်ကြီးချုပ် အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း အများအပြားသည် လုံခြုံရေးအင်အား အများအပြားယူပြီး လမ်းလျှောက်ပွဲ ပြုလုပ်နေစဉ် တပ်တွင်း ဖရဲသီးအကူအညီဖြင့် မိုင်းတစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဖောက်ခွဲမှုသည် အကြမ်းဖက်စစ်ကောင်စီခန့် ဝန်ကြီးချုပ်ကို ဦးတည်ဖောက်ခွဲခဲ့သော် လည်း ဂျန်မာများကြောင့် ပွိုင့်မှာ နောက်ကျမှ ပေါက်ကွဲသွားခဲ့ပြီး လုံခြုံရေးယူပေးနေသော အကြမ်း ဖက်စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ၊ Non CDM ဝန်များ အများအပြားဒဏ်ရာရရှိကာ အကြမ်းဖက်စစ်ကောင်စီခန့်ဝန်ကြီးချုပ်ကတော်မှာလည်း မိုင်းပေါက်ကွဲမှုကိုကြောက်လန့်ပြီး နှလုံး ဖောက်ပြန်ကာ ဆေးရုံတင်ထားရကြောင်း သိရသည်။
“ဝန်ကြီးချုပ်ကို ဦးတည်တိုက်ခိုက်ခဲ့ပေမယ့် သူ့ကို ရှေ့နောက် ကျောပိုးအိတ်နဲ့ ဂျန်မာလွယ်ပြီး ကာ ပေးထားလို့ လွတ်သွားတာပါဗျ၊ လုံခြုံရေး စစ်ခွေးတွေနဲ့ Non CDM တွေ ထိခိုက်တယ်၊ ဝန်ကြီးချုပ် မိန်းမကတော့ လန့်ပြီး မေ့လဲသွားလို့ ဆေးရုံတန်းတင်လိုက်ရတယ်လို့ သိရတယ်၊ အသေအဆုံးတော့ အတည်မပြုနိုင်သေးဘူး၊ မိုင်းဆွဲပြီး ချက်ချင်းပဲ အနီးအနားဝန်းကျင်ကို လမ်းတွေပိတ်ပြီး အင်အားအ လုံးအရင်းနဲ့ ပိတ်ဆို့စစ်ဆေးတာတွေလုပ်တယ်၊ အခုတော့ အဲဒီနား အခြေအနေတွေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ” ဟု Goldern Eagle Force – Monywa မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကို Goldern Eagle Force – Monywa အဖွဲ့နှင့် မြို့ပြ UG တပ်ဖွဲ့ တစ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုအတိအ ကျ သိရှိရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
မုံရွာမြို့ပြတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထောက်တိုင်များ၊ အကြမ်းဖက်စစ်ကောင်စီ ဘက်တော်သားများကို မစ်ရှင်များတိုးမြှင့်လုပ်ဆောင်မည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ် နှင့် ပတ်သက်သည့်နေရာ၊ဝန်းကျင်များကို ရှောင်ရှားသွားလာကြပါရန် မေတ္တာရပ်ခံ အသိပေးထားသည်။