အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင်၍ မုံရွာ လူထုသပိတ်ကော်မတီနှင့် အတူပူးပေါင်းကာ စစ်ကောင်စီ တပ်များ တပ်ဆွဲထားသည့် နေရာနှင့် မီတာ ၅၀ ခန့်အကွာ မုံရွာမြို့အဝင် အဝိုင်းပတ်နားတွင်
“သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ”၊ “တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး” စသည့် ဘန်နာစာတန်းများကိုင်စွဲကာ ပြောက်ကျားသပိတ်စစ်ကြောင်းကို ယနေ့ မေ ၂၁ ရက်နေ့တွင် ချီတက်ကြွေးကြော်ခဲ့ကြသည်။