စစ်ကိုင်းတိုင်း၊ မုံရွာမှ ချောင်းဦးသို့ထွက်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Ronin Thirteen People’s Defense Force(ဒေါင်းမင်းစစ်ကြောင်းအညာတပ်ခွဲ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။
ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် မုံရွာမှ ချောင်းဦးသို့ထွက်ခွာလာသောစစ်ကား ၂ စီးအနက်မှ ဒုတိယမြောက်ကားကို ပဒေသာမိုင်း ၃ ဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အထိနာပြီး သေဆုံးမှုများရှိနိုင်ကြောင်း၊ စစ်တပ်က လမ်းဘေးသို့ ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
“စစ်တပ်ဘက်က သေဆုံးထိခိုက်မှု စာရင်း အတိအကျ မသိရသေးပါဘူး။” ဟု Ronin Thirteen People’s Defense Force(ဒေါင်းမင်းစစ်ကြောင်းအညာတပ်ခွဲ)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။