ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ် (၆) တပ်ရင်း နဲ့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းပြီး ပေါင်းစပ် တိုက်ခိုက်ရေး အထူးမွမ်းမံသင်တန်းကို တက်ရောက်ခဲ့ တယ်လို့ သိရပါတယ်။
ပေါင်းစပ်တိုက်ခိုက်ရေး အထူးမွမ်းမံ သင်တန်းဆင်းပွဲကို မတ်လ ၆ ရက်နေ့မှာ စစ်ရေးပြအခမ်းအနားနဲ့ပြုလုပ်ခဲ့ပြီး၊ PDF တပ်ရင်း နဲ့ တိုက်ခိုက်ရေးအဖွဲ့တို့ဟာ သမာရိုးကျ စစ်နဲ့ ပြောက်ကျားစစ်ကို ပေါင်းစပ်ဖော်ဆောင်မယ့် တပ် ၂ တပ်ဖြစ်တယ်လို့ ပြောပါတယ်။
ဆက်လက်ပြီး ဟန်ချက်ညီ ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ပေါင်းစပ် တိုက်ခိုက်ရေး သင်တန်းတွေ တက်ရောက်နေတာဟာ အရေးကြီးတဲ့ စစ်ရေးခြေလှမ်းတွေကို လှမ်းနေတာဖြစ်တယ်လို့ဆိုပါတယ်။
ပြည်သူ့စစ်မဟာဗျူဟာ ရဲ့ အမာခံ အင်အားစုတွေ၊ ပြည်သူ့စစ်တွေအဖြစ် ပကဖ အဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထူထောင်ခဲ့ပြီး၊ အမြဲတမ်းတပ်အဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ထူထောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။