စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးကို အရေးပေါ်အခြေအနေအရ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း PDF-South Monywaက သတိပေးထုတ်ပြန်သည်။
ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) နံနက် ၉ နာရီမှ နောက်တစ်နေ့ ဒီဇင်ဘာ ၁၁ရက် နံနက် ၅ နာရီအတွင်း မုံရွာ – မန္တလေး လမ်းမကြီး၏ မုံရွာ – ချောင်းဦးလမ်းပိုင်း၊ ချောင်းဦး – မြင်းမူလမ်းပိုင်းတို့အား မဖြစ်မနေ သေရေးရှင်ရေး၊ ကျန်းမာရေး အခြေအနေများမှအပ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF-South Monywaက အသိပေးသည်။
“စစ်ကားတွေကူးနေလို့ပါ။ မနက်အစောကတည်းက”ဟု PDF-South Monywa၏ တာဝန်ရှိသူ Daung Karyan က ပြောသည်။
မဖြစ်မနေဖြတ်သန်းသွားလာရမည်ဆိုပါက ကားမှန်များချပြီး အရှိန်အသင့်အတင့်သာ မောင်းနှင်ပေးကြရန် PDF-South Monywaက. သတိပေးထားသည်။
မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလာပါက ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။