စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် PTTF အဖွဲ့က “မောင်းပြန် တစ်လက်ဝယ်နိုင်ဖို့ PTTF ကိုကူညီစို့” ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံကြောင်း Peace Takers Task Force – PTTF အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
Peace Takers Task Force – PTTF အဖွဲ့သည် မုံရွာ – မန္တလေး လမ်းမကြီးနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်တွင် မိုင်းကို အဓိက အားပြုပြီး စစ်အာဏာရှင်ကို တော်လှန်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ အဖွဲ့အစည်း ဖြစ်ပေါ်လာသည်မှာ ၁ နှစ်ခွဲကျော် ကြာမြင့်လာပြီဖြစ်ပြီး မိုင်းနှင့် mission ပေါင်းများစွာကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေး၏ လိုအပ်ချက်အရ ကမ်ပိန်း တစ်ခု ပြုလုပ်ရန် လိုအပ်လာသောကြောင့် ” မောင်းပြန်တစ်လက်ဝယ်နိုင်ဖို့ PTTF ကိုကူညီစို့ ” ခေါင်းစဥ်ဖြင့် ကမ်ပိန်း ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကမ်ပိန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လုပ်ဆောင်သွားမည် ဖြစ်ပြီး ပြည်သူများ အနေဖြင့် မဲလက်မှတ်တစ်စောင်လျှင် ၁၀၀၀၀ ကျပ်ဖြင့်ဝယ်ယူအားပေးပြီး ပံ့ပိုးကူညီနိုင်ကြောင်း Peace Takers Task Force – PTTF အဖွဲ့က ထုတ်ပြန်ထားသည်။
မဲလက်မှတ် လာရောက် ဝယ်ယူသူများကို ကံစမ်းမဲ ပြန်လည် မဲဖောက်ပေးသွားဖြစ်ပြီး
ပထမဆု – ၁၂ သိန်း
ဒုတိယဆု – ၈ သိန်း
တတိယဆု – ၅ သိန်း နှင့်
နှစ်သိမ့်ဆု – ၂ သိန်းဆု (၂ဆု) တို့ ပေးအပ် ချီမြှင့်သွားမည်ဖြစ်ကာ မဲလက်မှတ်များကို NUG Pay ၊ Kpay ၊ Wave Pay များဖြင့် လာရောက် ဝယ်ယူ နိုင်းကြောင်း သိရသည်။
ကမ်းပိန်းတွင် ပါဝင် လှူဒါန်းလိုသော ပြည်သူများ အနေဖြင့် Peace Takers Task Force – PTTF အဖွဲ့၏ Facebook page ကို ဆက်သွယ် မေးမြန် နိုင်ကြောင်း https://www.facebook.com/profile.php?id=100095271321778… သိရသည်။