မုံရွာ-အမြင့်လမ်း အမျိုးသမီး သပိတ်စစ်ကြောင်းက ဦးစီးပြီးတော့ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက “အကြမ်းဖက်ဝါဒီ တိုက်ဖျက်ကြ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရ” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ ဆန္ဒပြသပိတ်ကို အမျိုးသမီး မဟာမိတ်အင်အားစု (WAB)၊ မုံရွာပင်မသပိတ်နဲ့ ချောင်းဦး လူငယ်အင်အားစုတို့ပူးပေါင်းပြီး ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။